top of page

မြန်မာနိုင်ငံက
အကောင်းဆုံးအွန်လိုင်းစန္ဒရားသင်ခန်းစာတွေကို
ခံစားလိုက်ပါ

Experience the
BEST ONLINE PIANO LESSONS
in Myanmar

myanmar piano lessons.jpg

စန္ဒရားပေါ်မှာ မြန်မာသီချင်းတွေ ဘယ်လိုတီးရမလဲဆိုတာ သင်ယူလိုက်ပါ

Learn How to Play Burmese Songs on the Piano

“မှုန်ရွှေရည်” နဲ့ “နဂါးနီ” တို့လိုမျိုး မြန်မာရိုးရာသီချင်းတွေကို တီးခတ်ဖို့ သင်ယူချင်ပါသလား? နီနီခင်ဇော်လို အဆိုတော်မျိုးတွေရဲ့ မြန်မာ့ပေါ့ပ်သီချင်းတွေကိုရော တီးချင်လား?

အနောက်တိုင်း စန္ဒရားနည်းစနစ်တွေကနေတဆင့် မြန်မာ့ဂီတရဲ့ အလှအပတွေကို သင်ကြားပေးတဲ့ တစ်ခုတည်းသော အွန်လိုင်းစန္ဒရားသင်တန်းကနေ ကြိုဆိုလိုက်ပါတယ်။

အစကနေပြီးတော့၊ ကျွန်တော်တို့ရဲ့ သင်ခန်းစာများဟာ အနောက်တိုင်းစန္ဒရားသီအိုရီ၊ နည်းစနစ်တွေရဲ့ အခြေခံတွေကို သင်ကြားပေးပါတယ်။ သင်ဟာ အခြေခံတွေကို သင်ယူပြီးတာနဲ့ စန္ဒရားပေါ်မှာ မြန်မာသီချင်းတွေ တီးခတ်ရင်း အဆင့်တက်သွားမှာပါ။ အဆင့်တိုင်းမှာ သင့်ကို လမ်းညွှန်သွားမှာပါ။

ကျွန်တော်တို့ရဲ့ အွန်လိုင်းပလက်ဖောင်းကို အင်တာနက်ရှိတဲ့ ဘယ်နေရာကနေမဆို ဝင်ရောက်နိုင်ပြီးတော့ ကိုယ်ပိုင်အရှိန်၊ အဆင်ပြေမှုတွေနဲ့ သင့်ရဲ့ ဂီတခရီးစဥ်ကို လျှောက်လှမ်းနိုင်မှာပါ။ ဒီနေ့ပဲ စာရင်းသွင်းပြီးတော့ မြန်မာ့ဂီတရဲ့ ညှို့ချက်ပြင်းတဲ့ကမ္ဘာကို စပြီးစူးစမ်းလေ့လာလိုက်ပါ!

Want to learn how to play traditional Burmese songs like "Hmone Shwe Yee" and "Nagani", or Burmese pop songs from Ni Ni Khin Zaw?
 

Welcome to the only online piano class that teaches the beauty of Burmese music through Western piano techniques.

From the beginning, our lessons teach the basics of Western piano theory and technique. Once you've learned the fundamentals, you'll progress to playing Burmese songs on the piano. You'll be guided every step of the way!

Our online platform is accessible from anywhere with an internet connection, and you can embark on your musical journey at your own pace and convenience. Sign up today and begin exploring the captivating world of Burmese music!

Burmese songs checklist.jpg
icon4.png
icon5.png

မြန်မာနိုင်ငံရှိ အကောင်းဆုံးစန္ဒရားသင်ခန်းစာများ

Best piano lessons in Myanmar

မြန်မာနိုင်ငံမှာ အဆင်မြင့်စန္ဒရားသင်ခန်းစာတွေကို ရရှိနိုင်မဲ့ ထူးခြားတဲ့ အခွင့်အရေးကို ခံစားလိုက်ပါ။ သင့်လက်ချောင်းလေးတွေကနေပြီးတော့ ထိပ်တန်းဂီတပညာရေးကို ရယူနိုင်မဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးအဖွဲ့ထဲမှာ ပါဝင်နိုင်မဲ့ ပဏာမခြေလှမ်းတစ်ခုရဲ့ တစိတ်တပိုင်းဖြစ်လိုက်ပါ!  သင့်အိမ်ထဲမှာ နေရင်းနဲ့ပဲ စန္ဒရားတီးခတ်မှု၊ ကျွမ်းကျင်မှုတွေကနေရတဲ့ ပျော်ရွှင်မှုကို ရှာဖွေလိုက်ပါ။

Experience the unique opportunity to receive professional piano lessons in Myanmar. Be part of a groundbreaking initiative where you'll be the first group in Myanmar to access top-tier music education right at your fingertips! Discover the joy of playing and mastering the piano, all from the comfort of your own home. 

icon1.png

ဗီဒီယိုသင်ခန်းစာများ 

Video Lessons

ပြီးပြည့်စုံတဲ့ ဗီဒီယိုသင်ခန်းစာများ
Comprehensive Video Lessons

ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းက ကျောင်းသားတွေ၊ လူမှုအသိုင်းအဝိုင်းတွေအတွက် အဆင်ပြေပြီး အဆင့်အတန်းမြင့်တဲ့ စန္ဒရားသင်ခန်းစာတွေ ပေးစွမ်းဖို့ပါ။ ကျွန်တော်တို့အနေနဲ့ ကျောင်းသားတိုင်းဟာ ဂီတပညာရေးကို ရရှိဖို့ ထိုက်တန်ဖို့ ယုံကြည်ပါတယ်၊ ဒါကြောင့်ပဲ သင်ခန်းစာတိုင်းမှာ မြန်မာဘာသာစကားဆီကို အပြည့်အဝဘာသာပြန်ထားပြီးသား ပြည့်စုံတဲ့ ဗီဒီယိုတွေနဲ့ လာပါတယ်။ ကျွန်တော်တို့ရဲ့ သင်ခန်းစာတွေက အနောက်တိုင်းရော မြန်မာ့ဂီတကိုရော သင်ကြားပေးပါတယ်။

The mission is to offer convenient and professional piano lessons to students and communities throughout Myanmar. We believe that every student deserves access to music education, which is why each lesson comes with a comprehensive video that's fully translated into Burmese. Our lessons teach both Western and Burmese music.

တစ်ဆင့်-ပြီး-တစ်ဆင့် ချဥ်းကပ်မှု

Step-by-step Approach

မြန်မာစကားထံဘာသာပြန်ထားခြင်း

Burmese Translation

ထပ်လောင်း အရင်းအမြစ်များ

Additional Resources

ဖြည့်စွက်သင်ခန်းစာများ
Supplemental Materials

ဖြည့်စွက်သင်ခန်းစာများဟာ သင်ယူလေ့လာခြင်းကို ပိုပြီးလွယ်ကူစေဖို့ သင့်ရဲ့ စန္ဒရားအရည်အသွေးကို မြှင့်တင်ပေးပါတယ်။ သင်ခန်းစာတွေမှာ sheet ဂီတ၊ သင်ခန်းစာ sheet များ၊ လိုက်တီးလို့ရမဲ့ သီချင်းများ နဲ့ ဘောနပ်စ်ဗီဒီယိုတွေ ပါဝင်ပါတယ်။ သူတို့တွေက သင့်ကို လေ့ကျင့်ဖို့ နဲ့ သင်ခန်းစာတစ်ခုချင်းစီကို ပိုပြီး ထိထိရောက်ရောက်နားလည်နိုင်ဖို့ ကူညီပေးနိုင်အောင် စီမံထားတာပါ။

Supplemental materials are an extra boost to your piano skills that will make learning easier. Materials include printable sheet music, worksheets, play-along tracks, and bonus videos. They're designed to help you practice and understand each lesson more effectively.

Sheet ဂီတ

Sheet Music

သင်ခန်းစာ sheet များ နဲ့ သီအိုရီလေ့ကျင့်မှု

Worksheets & Theory Practice

လေ့ကျင့်ရေး Tool များ

Practice Tools

လမ်းညွှန်ပေးထားတဲ့ လေ့ကျင့်မှု နဲ့ လိုက်တီးနိုင်မဲ့ သီချင်းများ
Guided Practice & Play-Along Tracks

ကျွန်တော်တို့ရဲ့ သင်ခန်းစာတွေဟာ တစ်ဆင့်ချင်းစီ ညွှန်ကြားချက်တွေပေးပြီးတော့  ကြွယ်ဝတဲ့သင်ယူခြင်းအတွေ့အကြုံအတွက် လိုက်တီးလို့ရမယ့် သီချင်းတွေလည်း ပါရှိပါတယ်။ သင်တန်းသားတွေဟာ တီးဝိုင်းမှာတီးခတ်ရတဲ့ အရည်အချင်းတွေကို သင်ယူရမှာဖြစ်ပြီးတော့ တကယ့် band ဒါမှမဟုတ် သံစုံတီးဝိုင်းတစ်ခုမှာ တီးခတ်သလိုမျိုး ခံစားရမှာပါ။

Our lessons provide step-by-step instructions and are accompanied by play-along audio tracks for an immersive learning experience. Students will learn ensemble playing skills and will feel like they're playing in a real band or orchestra.

လိုက်တီးရမဲ့ သီချင်းအသံများ

Audio Play-Along Tracks

ဂီတပညာရပ်

Musicianship

myanmarpianolessons_abc.jpg

နိုင်ငံတကာမှာ ဆုများစွာရရှိထားတဲ့ မြန်မာလူမျိုး စန္ဒရားပညာရှင် 

Austin B. Chen နဲ့အတူ စန္ဒရားဘယ်လိုတီးရမလဲသင်ယူလိုက်ပါ

Learn how to play the piano with award-winning Burmese pianist, Austin B. Chen

ပညာရေး နဲ့ သင်ကြားရေး အတွေ့အကြုံ
Education & Teaching Experience

ပညာရေး  Education:

  • Columbia University (Master of Arts)

  • The Juilliard School (Bachelor of Music)

  • Hochschule für Musik in Hannover, Germany (Piano Performance)

သင်ကြားရေး  Teaching:

  • College Piano Instructor at Teachers College, Columbia University

  • Founder and Head Faculty at Be Sharp Academy, California

  • Founder and Head Faculty at Miredo Yamaha Music School, New York

အမေးများသောမေးခွန်းများ
Frequently Asked Questions

ကျွန်ုပ်မြန်မာ့ဂီတကို သင်ယူရမှာလား?

သေချာတာပေါ့! သင်က ပထမဆုံး အနောက်တိုင်းစန္ဒရားနည်းစနစ်တွေ သင်ယူရပါမယ်၊ ဒါက သင့်ကို sheet ဂီတကနေတဆင့် မြန်မာသီချင်းတွေကို ဖတ်ရှုပြီး သင်ယူနိုင်စေမှာပါ။

မြန်မာနိုင်ငံကနေပြီးတော့ အွန်လိုင်းစန္ဒရားသင်ခန်းစာတွေကို ဘယ်လိုရယူရမလဲ?

အွန်လိုင်းစန္ဒရားသင်ခန်းစာတွေကို မြန်မာနိုင်ငံကနေ အလွယ်တကူရယူနိုင်ပါတယ်။ သင်က အဖွဲ့ဝင်လုပ်ဖို့ စာရင်းသွင်းလိုက်တာနဲ့၊ သင့်ရဲ့ အွန်လိုင်းပေါ်တယ်ကနေတဆင့် ပြည့်စုံတဲ့သင်ခန်းစာတွေကို ရယူနိုင်မှာဖြစ်ပါတယ်။

စန္ဒရားသင်ခန်းစာတွေကို အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားပါသလား ဒါမှမဟုတ် မြန်မာစကားနဲ့ သင်ကြားပါသလား?​

စန္ဒရားသင်ခန်းစာတွေမှာ အင်္ဂလိပ်လို ပြောကြားပါတယ်၊ ဒါပေမဲ့ မြန်မာဘာသာစကား စာတန်းတွေအပြည့်အဝနဲ့ ဘာသာပြန်ပေးထားပါတယ်။ ဒါက သင်ယူသူတွေကို စန္ဒရားသင်ယူနေရင်း သူတို့ရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည်တွေပါ တခါတည်း တိုးတက်အောင် အခွင့်အရေးပေးထားတာပါ။

 

ဒီအွန်လိုင်းစန္ဒရားသင်ခန်းစာတွေဟာ လူသစ်တွေအတွက် ဖြစ်ပါသလား?

ဒါပေါ့​! ချောမွေ့ပြီး နှစ်လိုဖွယ်သင်ယူရေးအတွေ့အကြုံရရှိစေဖို့ ဒီသင်ခန်းစာကို  စီမံထားတာပါ၊​စတင်သူလူသစ်တွေကို အခြေခံတွေကနေ ပိုပြီးအဆင့်မြင့်တဲ့နည်းစနစ်တွေအထိ လမ်းပြပေးသွားမှာပါ။

တကယ်လို့ ကျွန်တော်က လူသစ်ဖြစ်မယ်ဆိုရင်၊ ကျွန်တော်ဘယ်လိုစတင်ရမလဲ?

လူသစ်တွေအတွက်၊ အခန်း ၁ ကနေ စတင်ဖို့ အကြံပေးပါတယ်။ အခန်း ၁ က သင်ခန်းစာတွေဟာ မရှိမဖြစ် စန္ဒရားအခြေခံတွေကို လွှမ်းခြုံပါတယ်၊ ဒါတွေမှာ လက်အထားအသို၊ အခြေခံဂီတသီအိုရီ နဲ့ ရိုးရှင်းတဲ့ melody တွေပါဝင်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပုံစံက ယုံကြည်မှုရှိရှိနဲ့ ကျွမ်းကျင်လာဖို့ လိုအပ်တဲ့ အခြေခံ အရည်အချင်းတွေနဲ့ သင့်ကို လမ်းပြပေးမှာပါ။

သင်ခန်းစာတွေထဲမှာ ပါဝင်ဖို့ ကျွန်တော် အထူးပစ္စည်း ဒါမှမဟုတ် အကောင်းစားစန္ဒရားတွေ လိုအပ်ပါသလား?

မဟုတ်ပါဘူး၊ သင်ဟာ အကောင်းစားစန္ဒရား ဒါမှမဟုတ် အထူးပစ္စည်းတွေ မလိုပါဘူး။ သင်ခန်းစာတွေကို အခြေခံ ကီးဘုတ်လမ်းညွှန်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ စီမံထားတာပါ။ သင့်မှာ ဒစ်ဂျစ်တယ် ကီးဘုတ်ပဲ ရှိရှိ ဒါမှမဟုတ် ရိုးရာစန္ဒရားပဲရှိရှိ၊ သင်က ဒီသင်ခန်းစာနဲ့ အပြည့်အဝ ထိတွေ့နိုင်ပါတယ်။​

ဒါက အွန်လိုင်း သင်တန်းဖြစ်ပေမဲ့ ကျွန်ုပ်ဟာ သင်ကြားသူ၊ အတန်းသားတွေအချင်းချင်းနဲ့ ပြောဆိုဆက်ဆံနိုင်ပါသလား?​

ဆက်ဆံနိုင်ပါတယ်၊ ပြောဆိုဆက်ဆံဖို့ကို အရမ်းအားပေးပါတယ်! အတန်းသားတိုင်းကို သင်ကြားသူ၊ အတန်းသားအချင်းချင်းတွေနဲ့ ချိတ်ဆက်နိုင်မဲ့ ကျွန်တော်တို့ရဲ့ သီးသန့် Facebook ဂရုဆီဖိတ်ခေါ်ပေးမှာဖြစ်ပြီး၊ သင်ကြားသူဆရာရဲ့ အကြံပြုချက်အတွက် သင့်ရဲ့ တီးခတ်မှု ဗီဒီရိုကိုလည်း တင်နိုင်ပါတယ်။ ဒါက သင့်ရဲ့ တက်မြောက်လာမှုကို မျှဝေဖို့၊ မေးခွန်းတွေမေးဖို့ နဲ့ ဖေးမကူညီပေးတတ်တဲ့ ဂီတအသိုင်းအဝိုင်းတစ်ခုတည်ဆောက်ဖို့ အရမ်းကောင်းတဲ့ နည်းလမ်းပါပဲ။

သင်တန်းကြေးက မြန်မာနိုင်ငံက စျေးနှုန်းတွေက ဘာကြောင့် သိပ်မကွာတာလဲ?

အမေရိကန်နိုင်ငံမှာ၊ ကျွန်တော်တို့ရဲ့ သင်ကြားသူနဲ့ သီးသန့်သင်ခန်းစာတွေဆိုရင် ပုံမှန်အားဖြင့် တစ်နာရီကို ၁၅၀$ လောက် ကုန်ကျပါတယ်။ ဒါပေမဲ့လည်း၊ ကျွန်ုပ်တို့ရဲ့ သင်တန်းကြေးကို ရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခုနဲ့ သတ်မှတ်ထားတာပါ၊ ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့သူတိုင်းအတွက် စန္ဒရားသင်ကြားမှု ရရှိနိုင်စေဖို့ပါ။ ကျွန်တော်တို့ဟာ ငွေကြေးအခက်အခဲဘယ်လိုပဲရှိရှိ မြန်မာနိုင်ငံမှာရှိသူတိုင်း စန္ဒရားကို သင်ကြားနိုင်တဲ့၊ တီးခတ်ပျော်ရွှင်နိုင်တဲ့ အခွင့်အရေးရရှိအောင် ဆောင်ရွက်နေပါတယ်။

အပြင်ဆရာမရှိပဲ စန္ဒရားကို အွန်လိုင်းကနေ တကယ် သင်ယူနိုင်တာလား?​

ဒါပေါ့! သင်ကြားပေးတဲ့ဆရာ Austin မှာ သင်ကြားရေး အတွေ့အကြုံဆယ်နှစ်ကျော်ရှိပါတယ်။ ဗီဒီယိုသင်ခန်းစာတွေ၊ လေ့ကျင့်ရေးကဏ္ဍတွေ၊ ထိတွေ့နိုင်တဲ့အမျိုးအစားတွေနဲ့အတူ သင်ခန်းစာတွေအားလုံးကို ပြီးပြည့်စုံတဲ့သင်ယူရေး ရရှိနိုင်အောင် ဖန်တီးပေးထားတာပါ။ ဒါက စန္ဒရားပညာရပ်ကျွမ်းကျင်ဖို့အတွက် အဆင်ပြေပြီး ထိရောက်တဲ့ နည်းလမ်းပါပဲ။

Will I learn Burmese music?

Most definitely! You'll first learn Western piano techniques, which will allow you to read and learn Burmese songs through sheet music.

How do I access the online piano lessons from Myanmar?
The online piano lessons are easily accessible from Myanmar. Once you sign up for a membership, you will receive access to the comprehensive course materials through your online portal.
 

Are the piano lessons taught in English or Burmese?
The piano lessons are spoken in English, but are fully translated with Burmese subtitles. This provides an opportunity for learners to simultaneously improve their English skills while learning piano.
 

Are these online piano lessons for beginners?
Yes! The course is structured to ensure a smooth and enjoyable learning experience, guiding beginners through the fundamentals to more advanced techniques.
 

If I’m a beginner, how do I start?
For beginners, we recommend starting with Unit 1. Lessons in Unit 1 cover essential piano basics, including hand positioning, basic music theory, and simple melodies. The step-by-step structure will guide you through the foundational skills needed to progress confidently.
 

Do I need any special equipment or a high-end piano to participate in the lessons?
No, you don't need a high-end piano or special equipment. The lessons are designed to be adaptable to basic keyboard instruments. Whether you have a digital keyboard or a traditional piano, you can still fully engage with the course.
 

Can I interact with the instructor and fellow students, even though it's an online course?
Yes, interaction is highly encouraged! All students are invited to our exclusive Facebook group where you can connect with the instructor, fellow students, and upload videos of your performance for instructor feedback. It’s a great way to share your progress, ask questions, and build a supportive musical community. 
 

Why is the course fee comparable to existing fees in Myanmar?
In the US, private lessons with our instructor usually cost $150 USD per hour. However, our course fee is set with a clear focus: making piano learning accessible to everyone in Myanmar. We are committed to ensuring that every individual in Myanmar has the opportunity to learn and enjoy playing the piano, regardless of financial limitations. 

Can you really learn piano online, without an in-person teacher?
Absolutely! The instructor, Austin, has over a decade of teaching experience. The lessons were created to provide a comprehensive learning experience with video lessons, practice sessions, and interactive elements. It's a convenient and effective way to gain piano skills.

bottom of page